မဇ္ဈိမက တင်ဆက်မယ့် Weekly Motion အစီအစဉ်ကို ဇူလိုင်လ ၁၄ ရက် ရန်ကုန်မြို့ မြန်မာပလာဇာမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အားလျန် ပြည်ဘုန်းမော် စပိုင် အောင်အောင်ဇော်စတဲ့ အဆိုတော်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာပါ။ MizzimaTV ကနေ တင်ဆက်ပေးနေတဲ့ ကျန်းမာရေးအစီအစဉ်တစ်ခုဖြစ်တဲ့ 4RHealthTalk အစီအစဉ်ကိုလည်း အရေပြားနဲ့အလှအပရေးရာ အထူးကု ဆရာဝန် ဒေါက်တာ စုဖြိုးအောင်နဲ့ တိုက်ရိုက်မေးမြန်းနိုင်မယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ပျော်ပွဲရွှင်ပွဲ ဂိမ်းအစီအစဉ်တွေကိုလည်း ထည့်သွင်းတင်ဆက်ပေးသွားမှာပါ။ အစီအစဉ်တင်ဆက်သူ အဖြစ် Miss Grand Myanmar 2017 အေးချမ်းမိုးက ပါဝင် တင်ဆက်ပေးမှာ ဖြစ်ပြီး ဂိမ်းအစီအစဉ်တွေကိုတော့ ငြိမ်းချမ်းထက်အောင်နဲ့အတူ ပျော်ရွင်စွာ ဆော့ကစားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အချိန်ကတော့ နံနက် ၁၁ နာရီကနေ နေလယ် ၃ နာရီအထိဖြစ်ပြီး ဒီအစီအစဉ် ကျင်းပရာကို မလာရောက်နိုင် သူတွေအနေနဲ့လည်း Mizzima News in Burmese Page ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

10 likes  0 comments

Share Share Share


MizzimaMizzima