မြန်​မာနိုင်​ငံရဲ့ လက်​ရှိ နိုင်​ငံ​ရေးလားရာလမ်း​ကြောင်းကို ဘယ်​လိုမြင်​လဲ??? "ကျွန်​​တော်​တို့ ဒီ ၈၈လူထု​တော်​​လှန်​​ရေး​ပေါ့၊ စစ်​အာဏာရှင်​ပြုတ်​ကျ​ရေး၊ ဒီမိုက​ရေစီ လူ့အခွင့်​အ​ရေးအပြည့်​အ၀ရှိတဲ့ တိုင်းပြည်​ကိုတည်​​ဆောက်​ဖို့အတွက်​ ၀ိုင်းကြိုးစားခဲ့ကြတယ်​၊ အဲ့ဒီအချိန်​မှာ ကျွန်​​တော်​တို့က ကျွန်​​တော်​တို့ ဘုံရည်​မှန်းချက်​ရှိခဲ့တယ်​၊ အဲ့ဘုံရည်​မှန်းချက်​က အခုချိန်​ထိ ကျွန်​​တော်​တို့မျိုးဆက်​အထိ စိတ်​ထဲမှာရှိတယ်​၊ ကျွန်​​တော်​တို့က စစ်​အာဏာရှင်​ကို စစ်​သဏ္ဍာန်​​ပေါ့ ဖြုတ်​ချ​ရေးဘဲ၊ ဒါ​ပေမယ့်​ ၀မ်းနည်းစရာက ကျွန်​​တော်​တို့ လူငယ်​​တွေရဲ့ အမြင်​ကို​ပြောရမယ်​ဆိုရင်​ ၈၈လူထု​တော်​လှန်​​ရေးကို စီးပြီးမှတက်​လာတဲ့ ​ခေါင်း​ဆောင်​ပိုင်း​တွေ​က အရင်​က ကျွန်​​တော်​တို့ ၀ိုင်းပြီးလုပ်​​ဆောင်​ခဲ့တဲ့ ဘုံပန်းတိုင်​​ကို​ပေါ့​နော်​ သူတို့ကေ၀၀ါးသွားတယ်​လို့ ကျွန်​​တော်​တို့ အဲ့လိုမျိုးယူဆမိသွားတယ်​၊ ဘာဖြစ်​လို့လဲဆိုရင်​ ကျွန်​​တော်​တို့က အရင်​ကတည်းက ​ရွေး​ကောက်​ပွဲကို ဒီပါတီနိုင်​ငံ​ရေးကို ဦးသန်း​ရွှေဘက်​က​နေ နိုင်​ငံ​ရေးလမ်းပြ​မြေပုံနဲ့ သူချပြခဲ့တယ်​၊ ဒါအခုချိန်​ထိ သူ့ရဲ့ လမ်းပြ​မြေပုံ​အောက်​မှာ ကျွန်​​​တော်​တို့က ​လျှောက်​​နေရတာ၊ ဒါက ​ဒေါ်​အောင်းဆန်းစုကြည်​လုပ်​တာလို့လဲ ယူဆလို့မရဘူး၊ ပြီးရင်​ ဘယ်​ပါတီကလုပ်​တာလဲမဟုတ်​ဘူး၊ ​ဦးသန်း​ရွှေရဲ့ လမ်းပြ​မြေပုံကို ​လျှောက်​​နေရတာ၊ ​ကျွန်​​တော်​တို့ရဲ့ ၈၈​တော်​လှန်​​ရေး လမ်းခရီးက မဆုံး​သေးဘူး၊ ​အောင်​မြင်​မှုလဲမရ​သေးဘူး၊ ၈၈တုန်း စတင်​ခဲ့တယ်​ အခုချိန်​ထိလဲ ကျွန်​​တော်​တို့က ကျွန်​​တော်​တို့ရဲ့ လူအခွင့်​အ​ရေး​ပေါ့​နော်​ ကျွန်​​တော်​တို့ရဲ့ လွတ်​လပ်​စွာထုတ်​​ဖော်​ခွင့်​၊ လွတ်​လပ်​စွာ​ပြောဆိုခွင့်​၊ လွတ်​လပ်​စွာသွားလာခွင့်​​တွေကို ကျွန်​​တော်​တို့က အခုအချိန်​ထိ တိုက်​ယူ​နေရတယ်​" လွမ်း​ဇောင်း (ကချင်​တမျိုးသားလုံးဆိုင်​ရာ လူငယ်​များသမဂ္ဂ)
~~~~~~~~~~~~~~~~~~~~~~~~~~ 🏁 Under 30 Dialogue Upcoming Topic 🏁 ♻ ​ဇေယျာလွင်​ (နိုင်​ငံ​ရေးတက်​ကြွလှုပ်​ရှားသူ) ♻ ​ရင်​ရတနာသိန်း (လွတ်​လပ်​​သောထုတ်​​ဖော်​​ပြောဆိုခြင်း​မြန်​မာ) ♻ လွမ်း​ဇောင်း (ကချင်​တမျိုးသားလုံးဆိုင်​ရာ လူငယ်​များသမဂ္ဂ) တို့ပါဝင်​​ဆွေး​နွေးထားတဲ့ "၈၈၈၈ လူထုလှုပ်​ရှား​မှု ဘယ်​ခရီး​ပေါက်​ပြီလဲ" ဆိုတဲ့ ​ခေါင်းစဉ်​နဲ့ ​ဆွေး​နွေးဝိုင်း​လေးကို လာမယ့်​ ဇူလိုင်​လ (၂၃) ရက်နေ့ 
ည (၉း၃၀) အချိန်မှာ Mizzima TV မှာစောင့်မျှော် ကြည့်ရှုနိုင်​ပါတယ်​။ #U30Dialogue #NewMyanmar

56 likes  1 comments

Share Share Share


MizzimaMizzima